Saturday, July 18, 2009

ကွန်မြူနစ်စနစ်

ကွန်မြူနစ်စနစ်(Communism) ဆိုတဲ့ ဝေါဟာရဟာ လက်တင်ဘာသာစကား Communis ကနေ ဆင်းသက်လာတာပါ။ Communis ဆိုတာ အင်္ဂလိပ်ဘာသာအားဖြင့် Common ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဘုံစနစ်လို့ ပြောနိုင်ပါတယ်။

သာတူညီမျှမှုကို ဖော်ဆောင်ဖို့ ဘုံ ပိုင်ဆိုင်မှုစနစ်ကို လိုလားသူတွေက စတင် ဖော်ထုတ်ခဲ့ကြတာပါ။ သူတို့က လူတန်းစားဆိုတာမရှိဘူး၊ အစိုးရဆိုတာ မလိုအပ်ဘူး၊ လူသားအားလုံး တန်းတူ အခွင့်အရေး ရှိသင့်တယ်၊ အညီအမျှ ပိုင်ဆိုင်သင့်တယ်လို့ ယုံကြည်သူတွေပါ။

ဥပမာ- စက်ရုံတစ်ရုံမှာ ပိုင်ရှင်၊ အလုပ်သမား စသည်ဖြင့် မခွဲခြားသင့်ဘူး၊ ဒီစက်ရုံမှာ အလုပ်လုပ်သူတိုင်း စက်ရုံအတွက် ညီတူညီမျှ အလုပ်လုပ်ကြမယ်၊ ရလာတဲ့ အကျိုးအမြတ်ကိုလည်း အတူတူ ခွဲဝေခံစားမယ်ဆိုတဲ့ အတွေးအခေါ်မျိုးပါ။

အလားတူပဲ ပြည်သူအားလုံး တိုင်းပြည်အတွက် အတူတကွ အလုပ်လုပ်ကြမယ်၊ ပြီးတော့ တိုင်းပြည်အတွက် လူတိုင်းမှာ ဆုံးဖြတ်နိုင်ခွင့် ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် တကယ့်နိုင်ငံရေးသိပ္ပံမှာတော့ ကွန်မြူနစ်စနစ်ဆိုတာ တစ်ပါတီစနစ်နဲ့ အုပ်ချုပ်တဲ့ ကွန်မြူနစ် နိုင်ငံတွေကို ခေါ်ဆိုပါတယ်။

တိုင်းပြည်အလိုက် ၊ လူမျိုးအလိုက် အုပ်ချုပ်ပုံမတူညီတာကြောင့် ကွန်မြူနစ်စနစ်လည်း အမျိုးမျိုး ကွဲပြားသွားပါတယ်။

လေ့လာမိသလောက်တော့

Left communism

Council communism

Anarchist communism

Religious communism

Christian communism

Eurocommunism

World communism

Stateless communism

ဆိုပြီး ကွဲသွားတာကို တွေ့ရပါတယ်။


ဘယ်အရာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေပါတယ်။ နိုင်ငံရေးစနစ်တွေမှာလည်း ပြည့်စုံကောင်းမွန်တဲ့ စနစ်ဆိုတာ မရှိပါဘူး။ ကောင်းကျိုးများပြီး ဆိုးကျိုးနည်းတဲ့ နိုင်ငံရေးစနစ်ကို ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်အဖြစ် လူအများက လက်ခံထားကြပါတယ်။

1 comment:

  1. အချိန်ရရင် မျိုးကွဲတွေအကြောင်း ဖော်ပြပေးပါလား....
    စာဖတ်သူတွေ အားလုံးအတွက် ဗဟုသုတရ အကျိုးရှိစေတဲ့ စာတေါအတါက် ကျေးဇူး အထူးတင်ပါတယ်...

    ReplyDelete