လူမျိုးတိုင်း ၊ ကိုးကွယ်ယုံကြည်မှုတိုင်းမှာ လိုက်နာစောင့်ထိန်းအပ်တဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ ကျင့်ဝတ်တွေ ရှိပါတယ်။ ယုတ္တိတန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ ၊ မိဘဘိုးဘွား အဆက်ဆက် လိုက်နာ ကျင့်သုံးခဲ့တဲ့ လူမျိုးရေးဆိုင်ရာကျင့်ဝတ်တွေ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ကျင့်ဝတ်တွေနဲ့ နယ်မြေဒေသအလိုက် မတူညီတဲ့ ထုံးစံတွေ ရှိတတ်ကြပါတယ်။ နယ်မြေသစ်ကို သွားမယ် မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံတော့မယ်ဆိုရင် သူတို့ရဲ့ အယူအဆ၊ သူတို့နဲ့ပတ်သတ်ပြီး ကိုယ့်ဘက်က ဘယ်လို အပြုအမူတွေကို ရှောင်သင့်သလဲဆိုတာ သိထားရင် ပိုကောင်းပါတယ်။
လာအိုနိုင်ငံ
၁။ သံဃာတော်တွေဟာ အကြည်ညိုအခံရဆုံးဖြစ်ပါတယ်။ သံဃာတော်ထက် မြင့်တဲ့နေရာမှာ ဘယ်တော့မှ မထိုင်ရပါဘူး။
၂။ ဘယ်သူ့ကိုမှ ကျော်လွှားမသွားရပါဘူး။
၃။ ခေါင်းကို ကိုင်တာ မကြိုက်ကြပါဘူး။
၎။ အိမ်၊ ဘုန်းတော်ကြီးကျောင်းနဲ့ တချို့သော စားသောက်ဆိုင်၊ ဈေးဆိုင်တွေကို ၀င်မယ်ဆိုရင် ဖိနပ်ချွတ်ရပါတယ်။
ထိုင်းနိုင်ငံ
၁။ ထပ်တစ်ရာပန်းနဲ့ ဇော်မွှားပန်းကို ဘယ်တော့မှ လက်ဆောင် မပေးပါနဲ့ ။
၂။ လက်ဆောင်ပစ္စည်းတွေကို ထုပ်ပိုးတဲ့အခါ အစိမ်းရောင်၊ အမည်းရောင်နဲ့ အပြာရောင် စက္ကူတို့နဲ့ ထုပ်ပိုးခြင်း မပြုပါနဲ့။
၃။ ရွှေရောင်နဲ့ အ၀ါရောင်ဟာ ထိုင်းလူမျိုးတွေအတွက် တော်ဝင်အရောင်ဖြစ်ပါတယ်။
၎။ ထိုင်း -တရုတ် လူမျိုးတစ်ယောက်ကို လက်ဆောင်ပေးမယ်ဆိုရင်တော့ အနီရောင်စက္ကူကိုသာ သုံးပါ။
တရုတ်
၁။ လက်ဟန်ခြေဟန်တွေကို မသုံးပါနဲ့။ ဒီအပြုအမူဟာ အိမ်ရှင်ကို စိတ်သောက ရောက်စေတယ်လို့ တရုတ်တွေက ယုံကြည်ကြပါတယ်။
၂။ အစာစားနေစဉ် လုပ်ငန်းကိစ္စ မပြောမိပါစေနဲ့။
၃။ ပန်းကန်လုံးပေါ်မှာ တူကို ကန့်လန့် တင်မထားမိပါစေနဲ့။ ပန်းကန်လုံးထဲမှာပဲ ထားပါ။
၎။ တစ်စုံတစ်ရာကို ညွှန်ပြဖို့အတွက် လက်ညှိုးကို မသုံးပါနဲ့။ လိုအပ်ရင် လက်ဝါးကို အသုံးပြုပါ။
တရုတ်လူမျိုးတွေကို လက်ဆောင်ပေးတဲ့အခါ အောက်ပါအရောင်တွေ၊ ပစ္စည်းတွေကို ရှောင်ပါ။
အဖြူရောင် ၊ အပြာရောင် ၊ အမည်းရောင်
တိုင်ကပ်နာရီ၊ စားပွဲတင်နာရီ
ကောက်ရိုးဖိနပ်
ချည်ခင်စွပ်ငှက် သို့မဟုတ် ကြိုးကြာငှက်
လက်ကိုင်ပ၀ါ
ဖိလစ်ပိုင်
လက်တစ်ချောင်းတည်းနဲ့ လူကိုခေါ်ရင် အဖမ်းခံရနိုင်ပါတယ်။
ဂျော်ဒန်
အိမ်တစ်အိမ်ကို အလည်ရောက်လို့ ကိုယ်က အဲဒီအိမ်က ပရိဘောဂပစ္စည်းတစ်ခုခုကို ချီးကျူး မိတယ်ဆိုပါတော့။ သူတို့က ကိုယ်ချီးမွမ်းလိုက်တဲ့ ပရိဘောဂပစ္စည်းကို ကိုယ့်ကို ပေးတဲ့အခါ ငြင်းလိုက်ရင် ရိုင်းရာကျပါတယ်။
ကနေဒါ
ဆရာဝန်တစ်ယောက်နဲ့ ချိန်းဆိုထားခဲ့ရင် လူနာဟာ ချိန်းထားတဲ့အချိန်ထက် ၁၀ မိနစ်စောပြီးရောက်ရပါတယ်။ ဆရာဝန်ကတော့ ချိန်းဆိုချိန်ထက် မိနစ် ၃၀ နဲ့ မိနစ် ၅၀ ခန့်အထိ နောက်ကျတတ်ပါတယ်။
ပါတီပွဲတစ်ခုကို တက်ရောက်မယ်ဆိုရင် ကျင်းပမယ့်အချိန်ထက် ၁၀ မိနစ်ထက် စောပြီး မသွားရသလို မိနစ် ၃၀ ထက် နောက်ကျပြီးလည်း မရောက်ရပါဘူး။
လက်လှမ်းမီသလောက် မျှဝေထားပါတယ်။ တချို့ အကြောင်းအရာတွေကတော့ စာလေးမှာ စိုးတာကြောင့် မဖော်ပြဘဲ ချန်ထားခဲ့ရပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း ကျင့်ဝတ်တွေကိုလည်း ဖော်ပြသွားဖို့ ရှိပါတယ်။
Monday, July 20, 2009
Subscribe to:
Post Comments (Atom)
အကိုအောင်ရေ မှတ်သားပီးရင် မှတ်သားစရာတွေပါပဲ
ReplyDeleteအမြဲလာဖတ်နေပါတယ်နော်
ဓလေ့ထုံးတမ်းတွေကို ပို့စ်လေးတင်ပေးတာ ကျေးဇူးတင်တယ်
ReplyDeleteထိုင်းတွေကို ဘယ်ပန်းပေးသင့်တယ် ဆိုတာ သိပြီ :)