ခေါင်းဆောင်မှုပုံစံတွေအကြောင်း ပို့စ်ကို တင်ပြီးနောက် ကိုယ့်ပတ်ဝန်းကျင်က ခေါင်းဆောင်တွေဟာ ဘယ်အမျိုးအစားမှာပါသလဲဆိုတာ ချိန်ထိုးစဉ်းစားမိပါတယ်။ တချို့က ခေါင်းစဉ် (၇) ခု ထဲက တစ်မျိုးမျိုးနဲ့ ကိုက်ညီနေပြီး တချို့ခေါင်းဆောင်တွေကတော့ ရောထွေး အမျိုးအစားလို့ သတ်မှတ်ရလောက်အောင် ပုံစံ နှစ်မျိုးသုံးမျိုးနဲ့ အုပ်ချုပ် စီမံကြတာကို တွေ့ရပါတယ်။
ခေါင်းဆောင်တစ်ယောက်က လုပ်ငန်းကိစ္စတွေကို စီစဉ် ဆုံးဖြတ်တဲ့အခါ အတတ်နိုင်ဆုံး လက်အောက် ငယ်သားတွေကို အသိမပေးပါဘူး။ လျှို့ဝှက်ရတာကို နှစ်သက်သူပါ။ ၀န်ထမ်းတွေက သူခိုင်းတာသာ လုပ်ရပြီး ဘာကြောင့် ဒီလို လုပ်ရတယ်ဆိုတာ သိပ်ပြီးရှင်းပြလေ့ မရှိပါဘူး။ သိချင်လို့ မေးရင်တော့ ဆယ်ခါ တစ်ခါ ဆိုသလို ကိုယ်သိချင်တဲ့အကြောင်းအရာရဲ့ သုံးချိုးတစ်ချိုးလောက် ပြောပြပါတယ်။ ဒီအချက်တွေက Authoritarian နဲ့ အကျုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။
အလုပ်ကိုလည်း အထက်လူကြီးက ချမှတ်ပေးတဲ့ ပုံစံအတိုင်းပဲ လုပ်ပါတယ်။ ပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားပါဘူး။ အထက်က ညွှန်ကြားလာရင်လည်း လုပ်နိုင်တယ် မလုပ်နိုင်ဘူး လုပ်ဖို့ အဆင်ပြေတယ် မပြေဘူးဆိုတာကို ဘယ်တော့မှ ပြန်လည် ပြောဆိုလေ့ မရှိပါဘူး။ ညွှန်ကြားတာကို အကောင်းဆုံး ဖြစ်အောင်သာ ကြိုးစားလုပ်ဆောင်ပေးတတ်သူပါ။ ဒီအပိုင်းမှာတော့ သူဟာ Bureaucratic လို့ ဆိုရမှာပေါ့နော်။
ဒါပေမယ့် သူက ၀န်ထမ်းတွေကို ချုပ်ချယ်တာလည်း မရှိသလို ကောင်းအောင် ညွှန်ပြဖို့ ၊ ကူညီဖို့လည်း စိတ်မ၀င်စားပါဘူး။ သူကိုယ်တိုင်လည်း နေသာသလို နေပြီး အလုပ်နဲ့ ၀န်ထမ်းတွေရဲ့ ကြားက ပြဿနာ၊ ၀န်ထမ်းအချင်းချင်းရဲ့ ပူးပေါင်းလုပ်ကိုင်မှု အနေအထားကို စူးစမ်းလေ့ မရှိပါဘူး။ ဒါတွေက Laissez-Faire ခေါင်းဆောင်တွေမှာ ရှိတတ်တဲ့ အချက်တွေပါ။
နားမလည်နိုင်တာ တစ်ခုက သူ့ကိုယ်သူ Democratic လို့ ခံယူထားတာကိုပါပဲ။
နောက်အပိုင်းတွေမှာ တခြားခေါင်းဆောင်တွေ အကြောင်း ဆက်ပါမယ်။
Thursday, July 23, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment