Sunday, July 19, 2009

စံပြုအပ်သူများ(၁)

မက္ခရာမင်းသားကြီး

ပထမဦးဆုံး အင်္ဂလိပ်-မြန်မာ အဘိဓါန်ကို ပြုစုရေးသားခဲ့သူဖြစ်ပါတယ်။ ခရစ်နှစ် ၁၈၃၃ မှာ အဘိဓါန်ပြုစုရေး လုပ်ငန်းကို စတင်ပြီး ၁၈၄၁ ခုနှစ်မှာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာ အဘိဓါန်ကို ပုံနှိပ်နိုင်ခဲ့ပါတယ်။


ယောမင်းကြီး ဦးဖိုးလှိုင်

မြန်မာပြည်မှာ သိပ္ပံစာပေကို ပထမဆုံး ရေးသားခဲ့သူ ဖြစ်ပါတယ်။ မြန်မာစာပေလောကမှာ ထင်ရှားလာမယ့် ၀ိဇ္ဇာ၊ သိပ္ပံ ပညာဆိုင်ရာ ကျမ်းပေါင်း ၁၄ ကျမ်းမျှ ရေးသားပြုစုခဲ့ပါတယ်။ ဦးဖိုးလှိုင် ရေးသားခဲ့တဲ့ ဥတုဘောဇန သင်္ဂဟကျမ်း ဟာ ပထမဆုံး သိပ္ပံစာပေ အဖြစ် ထင်ရှားပါတယ်။

ဒေါက်တာ ရှောလူး

မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ဆေးပညာကို အစပြုခဲ့သူပါ။ အနောက်နိုင်ငံတွေမှာ သိပ္ပံဘာသာရပ်များနဲ့ ဆေးပညာများကို ဆည်းပူးတတ်မြောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး ကုသပေးခဲ့တဲ့ လက်ဦးဆရာဝန်ဖြစ်ပါတယ်။

ဒေါ်ဦးဇွန်း

လူအိုများအား စောင့်ရှောက်ရေးလုပ်ငန်းကို မြန်မာနိုင်ငံမှာ ပထမဆုံး မျိုးစေ့ချပေးခဲ့တဲ့ လူမှုဝန်ထမ်း အမျိုးသမီးဖြစ်ပါတယ်။ မင်းကွန်းလူအိုရုံကို စတင်တည်ထောင်သူလည်း ဖြစ်ပါတယ်။

စံပြုအပ်သူတွေ အများကြီး ရှိပါသေးတယ်။ ဖြည်းဖြည်းချင်း ဖော်ပြသွားဖို့ ရည်ရွယ်ထားပါတယ်။ ရေးသားတဲ့ အချက်အလက်တွေနဲ့ ပတ်သတ်ပြီး အမှားအယွင်း တစ်စုံတစ်ရာ တွေ့ရင် ထောက်ပြဖို့ တောင်းဆိုပါတယ်။

2 comments:

  1. အကိုအောင်ရေ စာတွေလာဖတ်ပါတယ်. စံပြုအပ်သူများကို ကော်ပီလုပ်ပီး သိမ်းထားပါတယ်. နောက်ထပ်လဲ ဆက်လက်ဖော်ပြပေးပါဦးနော်

    ReplyDelete
  2. အကိုရေ မန့်ရတာ သိပ်ခက်တာပဲဗျာ... အနော် မလုပ်တတ်တာကြောင့်လား မသိ.. ဘလော့လင့်နဲ့ကွန်မန့်တာ ရဘူးရယ်.. ဒါကြောင့် ဂျီမေးအကောင့်နဲ့ မန့်ခဲ့ပါတယ်ဗျို့ လင့်ချိတ်ခွင့်လေးလဲ ပေးပါနော်

    ReplyDelete