လောကဓံဆိုတဲ့လေ။
အမှတ်မထင် ထင်ရာစိုင်း
ရိုင်းသမျှ မွှေ။
တစ်ခါတစ်ရံ ရွက်နုကြွေ
တစ်ခါတစ်ရံ ရွက်နုဝေ
ကြွေတစ်ခါ ဝေတစ်လှည့်။
မုန်းချစ် မဟူသာ
သူ့အခါ သူ့ချိန်ရောက်က
လောကဓံ သူမွှေနှောက်နေကျ
ကြောက်စရာလည်း မလို
ငိုစရာလည်း မဟုတ်
ကြုံလာလျှင် မဖြုန်ချင်စမ်းပါနဲ့
လမ်း မပျောက်စေနဲ့။
တင်မိုး
ကဗျာပေါင်းချုပ်မှ ကူးယူဖော်ပြသည်။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Monday, July 27, 2009
Saturday, July 11, 2009
မိမာယာ
မင်းရဲ့အကြောင်းတွေကို လွယ်လွယ်နဲ့ သိမှာစိုးလို့
မင်း ကိုယ့်ကို လှည့်စားတယ်ပေါ့
မင်းရဲ့ မျက်ရည်တွေကို ဖုံးကွယ်ဖို့
ရယ်မောသံလေးတွေနဲ့ ကိုယ့်မျက်လုံးကို ကန်းစေတယ်
မင်းရဲ့ အတတ်ပညာကို ကိုယ်သိပါတယ်
မင်းပြောရမယ့်စကားကို မင်း ဘယ်တော့မှ မပြောဘူး။
မင်းကို တန်ဖိုးမထားမှာစိုးလို့
နည်းပေါင်းရာထောင်နဲ့ မင်း ကိုယ့်ကိုရှောင်တယ်
မင်းကို လူတွေကြားထဲမှာ ရောသွားမှာစိုးလို့
မင်း ဘေးမှာ ထွက်ရပ်နေတယ်
မင်းရဲ့အတတ်ပညာကို ကိုယ်သိပါတယ်
မင်းလျှောက်ရမယ့်လမ်းကို
မင်း ဘယ်တော့မှ မလျှောက်ဘူး။
မင်းရဲ့တောင်းဆိုမှုတွေဟာ တခြားသူတွေထက် ပိုတယ်
ဒါကြောင့် မင်းက တိတ်ဆိတ်နေတယ်
ပရိယာယ်ကြွယ်ဝတဲ့ ဥပေက္ခာပြုဟန်လေးတွေနဲ့
ကိုယ့်လက်ဆောင်တွေကို ငြင်းပယ်တယ်
မင်းရဲ့အတတ်ပညာကို ကိုယ်သိပါတယ်
မင်းရယူရမယ့်အရာကို
မင်းဘယ်တော့မှ ယူမှာ မဟုတ်ပါဘူး။
ရာဘင်ဒြာနတ်တဂိုး
မိုးမိုး(အင်းလျား) ဘာသာပြန်ဆိုသည်။
မင်း ကိုယ့်ကို လှည့်စားတယ်ပေါ့
မင်းရဲ့ မျက်ရည်တွေကို ဖုံးကွယ်ဖို့
ရယ်မောသံလေးတွေနဲ့ ကိုယ့်မျက်လုံးကို ကန်းစေတယ်
မင်းရဲ့ အတတ်ပညာကို ကိုယ်သိပါတယ်
မင်းပြောရမယ့်စကားကို မင်း ဘယ်တော့မှ မပြောဘူး။
မင်းကို တန်ဖိုးမထားမှာစိုးလို့
နည်းပေါင်းရာထောင်နဲ့ မင်း ကိုယ့်ကိုရှောင်တယ်
မင်းကို လူတွေကြားထဲမှာ ရောသွားမှာစိုးလို့
မင်း ဘေးမှာ ထွက်ရပ်နေတယ်
မင်းရဲ့အတတ်ပညာကို ကိုယ်သိပါတယ်
မင်းလျှောက်ရမယ့်လမ်းကို
မင်း ဘယ်တော့မှ မလျှောက်ဘူး။
မင်းရဲ့တောင်းဆိုမှုတွေဟာ တခြားသူတွေထက် ပိုတယ်
ဒါကြောင့် မင်းက တိတ်ဆိတ်နေတယ်
ပရိယာယ်ကြွယ်ဝတဲ့ ဥပေက္ခာပြုဟန်လေးတွေနဲ့
ကိုယ့်လက်ဆောင်တွေကို ငြင်းပယ်တယ်
မင်းရဲ့အတတ်ပညာကို ကိုယ်သိပါတယ်
မင်းရယူရမယ့်အရာကို
မင်းဘယ်တော့မှ ယူမှာ မဟုတ်ပါဘူး။
ရာဘင်ဒြာနတ်တဂိုး
မိုးမိုး(အင်းလျား) ဘာသာပြန်ဆိုသည်။
Subscribe to:
Posts (Atom)